ခရစ်တော်ရဲ့ ဇာတိတော်န လောက်ဆောန်မှုကြောန်း
15 သားတော်ဟှာ မျစ်စိနဗြင်နိုင်ဘဲဟှူ ဘုရားသခင်ရဲ့ ပေါင်သဏ္ဌာန်တော်ဖြစ်ဘီး ဖန်ဆင်းတော်မူဟှူ ဝေနေယျသတ္တဝါလေ ဂူလောင်းထဲမာ သားဦးဖြစ်ဟှယ်။ 16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ထတ်န မ္လေဂီးထတ်မာ ရှိဟှူရာလေ ဂူလောင်းနတူးဒူ လူ့မျစ်စိန ဗြင်နိုင်ဟှူရာ၊ ဗြင်နိုင်ဘဲဟှူရာ၊ ရာဇပလ္လင်လေဖြစ်ဖြစ်၊ စိုးရဟှူ တဂိုးလေဖြစ်ဖြစ်၊ ထွဋ်မြတ်ခွမ့်အာဏာလေဖြစ်ဖြစ် ရှိဟှူမျှရာလေ ဂူလောင်းဟှို ဘုရားသခင်ဟှာ အယ်မူသားတော်အားဖြင့် ဖန်ဆင်းတော်မူဟှူကြောန့် ဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှာ အယ်သခင်အားဖြင့်န အယ်သခင်တွပ် ဖန်ဆင်းတော်မူလေဟှယ်။ 17 သားတော်ဟှာ ရှိမျှဂူလောင်း ဖြစ်ခန်ဒဲဟှ ရှိတော်မူဘီး ရှိမျှဂူလောင်းဟှိုလည်း တဂိုးတော်အားဖြင့် တည်နေဂေ့ဟှယ်။ 18 ၁.၁၈ ဧ ၁.၂၂,၂၃ကိုယ်တော်ဟှာ သင်းတော်ဖြစ်ဟှူ ကိုယ်ခန္ဓာရဲ့ ဦးခေါန်းဖြစ်တော်မူဟှယ်။ ရှိမျှဂူလောင်းမာ ထူးမြတ်ဟှူ နဂိုမူလရင်းမြစ်ဖြစ်ဘီး သေဟှားဟှူ သူလေထဲမာ သားဦးဖြစ်တော်မူလေဟှယ်။ 19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှိမျှဂူလောင်း ပ္လဲ့ဇောင်ရှင်းလေဟှို သားတော်ထဲမာ ကိန်းဝပ်စေဟှို့တွပ်န၊ 20 ၁.၂၀ ဧ ၂.၁၆လတ်ဝါးကပ်တိုင်ထတ်မာ သွန်းဟှူ သားတော်ရဲ့ သွီးတော်အားဖြင့်၁.၂၀ သားတော်ရဲ့ သွီးတော်အားဖြင့်၊ အယ်မျိုးမှုဘဲနေဟှာ သားတော်ရဲ့ ယဇ်ပူဇော်ရှင်းန သေခံရှင်း အားဖြင့်။ ရန်ဟှို ငြီးစေဘီး ကောန်းဂန်ဘောင်မာ ရှိဟှူ ဇာလေရော၊ မ္လေဂီးထတ်မာ ရှိဟှူ ဇာလေရော ဂူလောင်းဟှို သားတော်အားဖြင့် သူ့န ပ္လန်သင့်မြတ်လာစေဟှို့တွပ် လိုတော်ရှိတော်မူဟှယ်။