16 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဂန်ထတ်န မ္လေဂီးထတ်မာ ရှိဟှူရာလေ ဂူလောင်းနတူးဒူ လူ့မျစ်စိန ဗြင်နိုင်ဟှူရာ၊ ဗြင်နိုင်ဘဲဟှူရာ၊ ရာဇပလ္လင်လေဖြစ်ဖြစ်၊ စိုးရဟှူ တဂိုးလေဖြစ်ဖြစ်၊ ထွဋ်မြတ်ခွမ့်အာဏာလေဖြစ်ဖြစ် ရှိဟှူမျှရာလေ ဂူလောင်းဟှို ဘုရားသခင်ဟှာ အယ်မူသားတော်အားဖြင့် ဖန်ဆင်းတော်မူဟှူကြောန့် ဖြစ်ဟှယ်။ ရှိမျှဂူလောင်းဟှာ အယ်သခင်အားဖြင့်န အယ်သခင်တွပ် ဖန်ဆင်းတော်မူလေဟှယ်။ 17 သားတော်ဟှာ ရှိမျှဂူလောင်း ဖြစ်ခန်ဒဲဟှ ရှိတော်မူဘီး ရှိမျှဂူလောင်းဟှိုလည်း တဂိုးတော်အားဖြင့် တည်နေဂေ့ဟှယ်။ 18 ၁.၁၈ ဧ ၁.၂၂,၂၃ကိုယ်တော်ဟှာ သင်းတော်ဖြစ်ဟှူ ကိုယ်ခန္ဓာရဲ့ ဦးခေါန်းဖြစ်တော်မူဟှယ်။ ရှိမျှဂူလောင်းမာ ထူးမြတ်ဟှူ နဂိုမူလရင်းမြစ်ဖြစ်ဘီး သေဟှားဟှူ သူလေထဲမာ သားဦးဖြစ်တော်မူလေဟှယ်။
Publicidade