4 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ဘီး သန့်ရှင်းသူလေဟှို ရှစ်ဂေ့ဟှူကြောန်းဟှို ကြားရဟှူကြောန့် ဖြစ်ဟှယ်။ 5 အယ်မူယောင်ကြည်ရှင်းန ရှစ်ရှင်းမြစ်တာလေဟှာ နန်းနို့လေတွပ် ကောန်းဂန်ဘောင်မာ သိုဟှားဟှူ မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဘီး အယ်မျှော်လင့်ရှင်းကြောန်းဟှာ နန်းနို့လေနားဟှို ရော့-က်လာဟှူ ကောန်းမြတ်ဟှူ ဒန်းကောန်းနဆိုင်ဟှူ သမ္မာတရားရဲ့ နှောက်တော်ထွပ်စကားဟှို နန်းနို့လေ ကြားရဂေ့ဘီ။