18 မှန်ဘဲဟှူ နှိခ္လမှုလေ၊ ကောန်းဂန်တမန်လေဟှို ဝတ်ပြုကိုးကွယ်မှုလေဟှို လေးနတ်ပြောဆိုဘီး သူးနို့တွိဗြင်ရဟှူ ဗျာဒိတ်ရူပါရောင်လေဟှို ကြောန်းပြုဘီးဟှာ သူးနို့ဟှ တခြားသူလေထတ် သာဟှယ်ဆိုဘီး ပြောဆိုတတ်ဟှူ သူလေဟှာ နန်းနို့လေဟှို ရှုံ့ခ္လဟှူခွမ့်ဟှို ပေးဂေ့န။ သူးနို့လေဟှာ လူ့သဘောအားဖြင့် စဉ်းစားဆင်ခြင်ဘီး ချည်းနှီးသတ်သတ် စိဘဝင်မြင့်နေဂေ့ဟှယ်။