14 အယ်မူဇာဂူလောင်းထတ်မာ စောင်လင်ဟှူ ဖွဲ့စည်းဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို ထပ်ဘီးဟှာ ယူတန်ဝတ်ဆောန်ဂေ့ပါ။ 15 နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ရဲ့ ငြီသတ်ရှင်း အောက်စိုးစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ အယ်မူငြီသတ်ရှင်း ခံစားရဟှို့တွပ် ကိုယ်ခန္ဓာ တခုဒဲထဲဟှို ခေါ်ဟှားတော်မူရှင်းဟှို ခံရဟှူကြောန့် ကျေးဇူးသိတတ်ဟှူ စိရှိဂေ့ပါ။