16 ၃.၁၆,၁၇ ဧ ၅.၁၉,၂၀ခရစ်တော်ရဲ့ စကားတော်ဟှာ ပညာဘောန်းဇောင်န နန်းနို့ထဲမာ ကြွယ်ဝဘီး တည်နေဟှူကြောန့် နန်းနို့လေဟှာ ဆာလံချင်းဟှနေစဘီး ဓမ္မချင်း၊ ဝိညာဉ်ရေးရာ ချင်းဘောန်းဇောင်အားဖြင့် ရှင်းရှင်းလေဟှို ဒိပေးဆောင်းမ သွန်သန်ဘီး နူးညွတ်ဟှူ စိနှလောင်းန ဘုရားသခင် ရှေ့တော်မာ တင့်တယ်လျောက်ပတ်အောန် ချီးမွမ်းဂေ့ပါ။ 17 စကားပြောရှင်းဖြစ်စေ၊ မှုဆောန်ရွက်ရှင်းဖြစ်စေ သခင်ယေရှုရဲ့ နာမတော်ဟှို ထော့-က်ဘီး ရှိမျှဂူလောင်းဟှို လောက်ဘီးဟှာ ကျေးဇူးတော် ကီးလှပါဟှယ် ဆိုဘီး အယ်သခင်ဟှို မှီပြုဘီးဟှာ ဖဘုရားသခင်ရှေ့မာ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
Publicidade