9 ၃.၉ ဧ ၄.၂၂ယော့-က်ဟှိုယော့-က် မုသာသောင်းဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ လူဟောန်းရဲ့ကျင့်လေန လူဟောန်းရဲ့ကိုယ်ဟှို ခလွတ်ပယ်ဘီးဟှာ၊ 10 ၃.၁၀ ဧ ၄.၂၄ဖန်ဆင်းတော်မူဟှူသူရဲ့ ပေါင်သဏ္ဌာန်တော်နညီ မှန်ဟှူသိပညာအားဖြင့် သစ်ပြုပြင်ဟှူ လူသစ်ဟှို ယူတန်ဝတ်ဆောန်ဟှူသူလေ ဖြစ်ဂေ့လေဟှယ်။