သားတော်ဟှနေတဆစ် ပေးတော်မူဟှူ ဗျာဒိတ်တော်ကြောန်း
1 ရှေးကာလမာ ဘုရားသခင်ဟှာ ပရောဖက်လေအားဖြင့် နို့ဘိုးဘေးလေဟှို နည်းဘောန်းဇောင်န ခါဘီးခါ ဗျာဒိတ်ပေးတော်မူဟှယ်။ 2 အယ်ဘေမဲ့ အယ်မူ နော့-က်ဆောင်းဖြစ်ဟှူ ကာလမာ သားတော်အားဖြင့် နို့လေဟှို ဗျာဒိတ်ပေးတော်မူဟှယ်။ ဘုရားသခင်ဟှာ အယ်မူသားတော်ဟှို ရှိမျှဂူလောင်းရဲ့ မွီခံဖြစ်န ခန့်ဟှားဘီးဟှာ လောကဓာတ်လေဟှို သားတော်အားဖြင့် ဖန်ဆင်းတော်မူဟှယ်။ 3 အယ်သားတော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းရောန်ခြည်တော်န ဇာတိဖြစ်တော်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူကြောန့် တဂိုးတော်န ပ္လဲ့ဇောင်ဟှူ သူ့ရဲ့ စကားတော်အားဖြင့် ရှိမျှဂူလောင်းဟှို တည်စေတော်မူဘီး ပြစ်လေတွပ် စင်ကြယ်ရှင်းဝတ်ဟှို ပြုဘီးဟှာ ဗြင့်ဟှူရပ် ထတ်ကောန်းဂန်မာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေတော်မူလေဟှယ်။