ဘုရားသခင်နားဟှို ချဉ်းကပ်ဂေ့ဟှို့ကြောန်း
19 အယ်ကြောန့် ညီကို မောန်နှမလေ ယေရှုရဲ့ သေခံတော်မူရှင်းအားဖြင့် နို့လေဟှာ သန့်ရှင်းဆောင်း ဌာနတော်ထဲဟှို သွီးတော်ဟှို မှီပြုဘီး ဆီးတားမှေ့ဘဲ ဝမ်ခွမ့်ရဂေ့ဟှယ်။ 20 အယ်သွီးတော်အားဖြင့် ကိုယ်တော်ဟှာ သူ့ရဲ့ ကိုယ်ခန္ဓာဖြစ်ဟှူ လိုက်ကာဟှနေဘီး ဘုရားသခင်ရဲ့ ရှေ့တော်ဟှို ရော့-က်ဟှူ သတ်လမ်းသစ်ဟှို ဖွမ့်ပေးတော်မူဘီ။ 21 အယ်လော့-က်နမကဟှ နို့လေမာ ဘုရားသခင်ရဲ့ အီတော်ဟှို အောက်စိုးဟှူ ယဇ်ပုရောဟိတ်မန်း ရှိဟှူဖြစ်ကြောန့် 22 နို့လေရဲ့ စိနှလောင်းဟှို ဆိုးညစ်ဟှူ စိသဘောန ကင်းစေဟှို့တွပ် ပတ်ဖျမ်းရှင်းဟှို ခံယူဘီး ကိုယ်ခန္ဓာဟှိုလည်း စင်ကြယ်ဟှူ ရေအားဖြင့် ဆေးကြောဘီး ယောင်ကြည်ရှင်းနဆိုင်ဟှူ စိခ္လမှု ပ္လဲ့ပ္လဲ့ဝဝန မှန်ကန်ဟှူ စိနှလောင်းအားဖြင့် ဘုရားသခင်နားဟှို တိုးဝမ်ဂေ့ဇို့။