24 နို့လေဟှာ မြစ်တာထားဟှို့န ကောန်းဟှူကျင့်ဟှို ကျင့်စေဟှို့တွပ် ယော့-က်ဟှိုယော့-က် ဖြားမျိုး တိုက်တွန်း နှိုးဆော်ရမယ် ဆိုဇာဟှို ဆင်ခြင်ဂေ့ဇို့။ 25 လူတချို့ ထောင်းဇံရှိဟှူတိုင်း ရှင်းရှင်းစည်းဝေးရှင်းဟှို ရှောန်လွှဲဘဲနေဟှို့တွပ် ရှင်းရှင်း အားပေးဘီး တိုက်တွန်း နှိုးဆော်ဂေ့ဇို့။ ခီကာလ နီးလာဇာဟှို ထော့-က်ဘီး ပိုဘီး ကြိုးစားဂေ့ဇို့။