35 အယ်ကြောန့် ရရာတိုင်း ကီးမားဟှူ ကျိုးနယှဉ်ဟှူ နန်းနို့ရဲ့ ရဲရင့်မှုစိဟှို စွန့်လွှတ်ဂေ့န။ 36 ဘုရားသခင်ရဲ့ လိုတော်ဟှို ဆောန်ဘီးမှ ဂဒိတော်တိုင်း ကျိုးဟှို ရဟှို့တွပ် သီးခံရှင်းစိရှိရမယ်။ 37 ဖြားဖြစ်ကြောန့်နူးဆိုဟှာ၊
"ကြွလာမယ့် သူဟှာ
ခီဆိုင်းဘဲ
ကြာခန်မာ ရော့-က်လာလေ့မယ်။
38 ဖြောန့်မတ်ဟှူ သူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်။
အယ်ဘေမဲ့ ရွေ့လျော့ဖော့-က်ပ္လန်ဟှာ ငါ့စိဝိညာဉ်ဟှာ
အယ်သူဟှို နှစ်သက်မှု မှေ့ဟှ" ဆိုဘီး ဘုရားသခင် မိန့်တော်ရှိဟှယ်။
39 နို့လေဟှာ ပျစ်စီးရှင်းဟှို ရော့-က်ဟှို့တွပ် ရွေ့လျှော့ ဖော့-က်ပ္လန်ဟှူ သူလေ မှုဟှ။ စိဝိညာဉ်ဟှာ ကယ်တန်ရှင်းဟှို ရော့-က်ဟှို့တွပ် ယောင်ကြည်ဟှူ သူလေ ဖြစ်ဂေ့ဟှယ်။