17 အာဗြဟံဟှာ စောင်ဇမ်းရှင်းဟှို ခံရဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် သားဣဇာက်ဟှို ပူဇော်လေဟှယ်။ ဂဒိတော်လေဟှို ရဟှူသူဟှာ တယော့-က်ဒဲရှိဟှူ သားဟှို ပူဇော်ဟှို့တွပ် ပြင်ဆင်လေဟှယ်။ 18 အယ်သားန ပတ်သတ်ဘီး "ဣဇာက်အားဖြင့်ဘဲ့ နန့်မျိုးနွယ် တည်ရမယ်" ဆိုဟှူ ဂဒိတော်လေဟှို ခံရဟှူသူဟှာ သူ့မာ တယော့-က်ဒဲရှိဟှူ သားဟှို ပူဇော်လေဟှယ်။ 19 အယ်မျိုး ပူဇော်ဟှူ ခီမာ သေရှင်းဟှနေ ပ္လန်ရှင်ဘီး ထမြော့-က်ဟှို့တွပ် ဘုရားသခင် တတ်နိုင်ဟှယ် ဆိုဇာဟှို သူအော့-က်မေ့လေဟှယ်။ အယ်သားဟှို ဆိုရိုးစကားအားဖြင့် သေဒွမ်းထဲဟှ ပ္လန်ရလေဟှယ်။