24 မောရှေဟှာ သတ်ရွယ်ကီးလာဟှူ ခီမာ ယောင်ကြည်ရှင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဖာရောမန်းဂီး သမီးတော်ရဲ့ သားဆိုဘီး ခေါ်ဟှူခွမ့်ဟှို ငြင်းပယ်ဘီးဟှာ၊ 25 ပြစ်ရှိဟှူ ကာမဂေါင်ဟှို ရှစ်ဟှားခံစားရဟှူ ဇာထတ် ဘုရားသခင်ရဲ့ လူမျိုးတော်လေနတူးဒူ ဆင်းရဲဒေါက်ခခံရဟှူ ဇာဟှို ယောင်ကြည်ရှင်းအားဖြင့် ဝီးကော့-က်လေဟှယ်။ 26 သူဟှာ နော့-က်ရလာမယ့် ကျိုးဟှို မျှော်လင့်ဟှူကြောန့် ခရစ်တော်တွပ် ခံရဟှူ ကဲ့ရဲ့ပြစ်တန်ရှင်းဟှို အဲဂုတ္တုပြည်ရဲ့ စည်းဇိမ်ထတ် ပိုဘီး မြတ်ဟှူ စည်းဇိမ်ဖြစ်ဟှယ် ဆိုဘီး ယောင်ကြည်ရှင်းအားဖြင့် မှတ်ယူလေဟှယ်။