နို့လေရဲ့ ဖဘုရားသခင်
1 အယ်ကြောန့် အယ်မျှလော့-က်များဟှူ သတ်သေလေဟှာ နို့လေဟှို ဝိုင်းရံဟှားဟှူ ဖြစ်ကြောန့် နို့လေဟှာ ဝန်လေ ဂူလောင်းန နှော့-က်ယှစ်တတ်ဟှူ ပြစ်လေဟှို ဖယ်ရှားဘီး နို့မျစ်မှော့-က်ရှေ့မာ ထားဟှားဟှူ ပန်းတိုင်ဟှို ရော့-က်ဟှို့တွပ် အားလျှော့ဘဲန ပ္လေးဂေ့ဇို့။ 2 ယောင်ကြည်ရှင်းဟှို စပြုတည်စေဘီး စောင်လင်စေတော်မူဟှူ သခင်ယေရှုဟှို စေ့စေ့ထော့-က်ရှုဂေ့ဇို့။ အယ်သခင်ဟှာ သူ့ရှေ့မာထားဟှူ ဝန်းသာရှင်း ကြောန်းကြောန့် ယှစ်ကြော့-က်ဟှူ ဇာလေဟှို မှတ်ဘဲန လတ်ဝါးကပ်တိုင်မာ ခံဘီးမှ ဘုရားသခင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဟှယ်။
3 ပြစ်ရှိဟှူ သူလေ လတ်ထဲမာ အယ်မျှလော့-က်ကီးဟှူ ဆီးတား နှော့-က်ယှစ်ရှင်းဟှို ခံတော်မူဟှူ သခင်ဟှို ထော့-က်ရှု ဆင်ခြင်ရှင်းအားဖြင့် အားလျှော့ စိပျစ်မှုလေန လွတ်ကင်းဟှို့တွပ် ကြိုးစားဂေ့ပါ။