5 ကျမ်းစာတော်မာ ဘုရားသခင်ဟှ၊
"ငါ့သား၊ ဘုရားသခင် ဆောင်းမ ပဲ့ပြင်တော်မူဟှူ ဇာဟှို လေးထားဘဲနေန။
ဆောင်းမခံရဟှူ ခီမာ စိပျစ်န။
6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ ရှစ်တော်မူဟှူ သားဟှို ဆောင်းမတတ်ဟှယ်။
သားဖြစ် လတ်ခံဟှူ သူရှိဟှူမျှဟှို ရိုက်ဘီး ဒန်ခတ်တော်မူတတ်ဟှယ်" ဆိုဘီး သားဂန်းဟှားလေဟှို ပြောဟှူမျိုး နန်းနို့လေဟှို ပြောဟှူ တိုက်တွန်း အားပေးစကားဟှို နန်းနို့မေ့ဟှားဂေ့ ဘီလော။
7 ဘုရားသခင်ဟှာ နန်းနို့ဟှို သားဟှူမျိုး ပြုမူတော်မူဟှူကြောန့် နန်းနို့လေဟှာ ဆောင်းမတော်မူဟှူ ဇာဟှို သီးခံဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖဆောင်းမဘဲဟှူသား တဇောင်တယာ့-က် ရှိဟှူကြောန့်လော။ 8 လူတိုင်းခံရတတ်ဟှူ ဆောင်းမရှင်းဟှို နန်းနို့ခံရဘဲနေဟှာ သားရင်းမှုဘဲ တရားဝမ်ဘဲဟှူ သားလေဘဲ့ ဖြစ်ဂေ့ဟှယ်။ 9 နော့-က်ဘီး နို့လေဟှာ ကိုယ်ကာယနဆိုင်ဟှူ ဖခင်လေလတ်န ဆောင်းမဟှူဇာဟှို ခံရဟှူ ခီမာ သူးနို့လေဟှို ရိုသေလေးစားဂေ့ဟှယ်။ အယ်လော့-က်နမကဟှ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ဖခင်လေဟှို ပိုဘီး နာခံမယ် ဆိုဟှာ နို့လေဟှာ သတ်ချမ်းသာရာ ရဂေ့မယ် မှုဟှလော။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိဖခင်လေဟှာ သူးနို့ကောန်းမယ်ဆိုဘီး ထန်ဟှူတိုင်း ရှစ်ဟှားဘဲ့ ဆောင်းမပေးတတ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ သန့်ရှင်းရှင်း ပါရမီတော်ဟှို နို့လေခံစားရဟှို့တွပ် နို့လေရဲ့ ကျိုးဟှို ထော့-က်ဘီး ဆောင်းမပေးတော်မူဟှယ်။ 11 ဆောင်းမခံရဟှူ ဇာလေဟှာ ခံရဟှူ ခီမာ ဝန်းသာရမယ့် ကြောန်းရာ ဖြစ်ဟှယ် ဆိုဘီး ထန်ဘဲန ဝန်းနဲဇာ ဖြစ်ဟှယ် ဆိုဘီး ထန်တတ်လေဟှယ်။ အယ်ဘေမဲ့လည်း ဆောင်းမခံရဟှူ သူလေဟှာ နော့-က်မှ ငြီသတ်ရှင်းန စပ်ဆိုင်ဟှူ ဖြောန့်မတ်ရှင်း ကျိုးဟှို ခံစားရဂေ့လေဟှယ်။