7 ဘုရားသခင်ဟှာ နန်းနို့ဟှို သားဟှူမျိုး ပြုမူတော်မူဟှူကြောန့် နန်းနို့လေဟှာ ဆောင်းမတော်မူဟှူ ဇာဟှို သီးခံဂေ့ရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဖဆောင်းမဘဲဟှူသား တဇောင်တယာ့-က် ရှိဟှူကြောန့်လော။ 8 လူတိုင်းခံရတတ်ဟှူ ဆောင်းမရှင်းဟှို နန်းနို့ခံရဘဲနေဟှာ သားရင်းမှုဘဲ တရားဝမ်ဘဲဟှူ သားလေဘဲ့ ဖြစ်ဂေ့ဟှယ်။ 9 နော့-က်ဘီး နို့လေဟှာ ကိုယ်ကာယနဆိုင်ဟှူ ဖခင်လေလတ်န ဆောင်းမဟှူဇာဟှို ခံရဟှူ ခီမာ သူးနို့လေဟှို ရိုသေလေးစားဂေ့ဟှယ်။ အယ်လော့-က်နမကဟှ ဝိညာဉ်ရေးရာန ဆိုင်ဟှူ ဖခင်လေဟှို ပိုဘီး နာခံမယ် ဆိုဟှာ နို့လေဟှာ သတ်ချမ်းသာရာ ရဂေ့မယ် မှုဟှလော။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇာတိဖခင်လေဟှာ သူးနို့ကောန်းမယ်ဆိုဘီး ထန်ဟှူတိုင်း ရှစ်ဟှားဘဲ့ ဆောင်းမပေးတတ်ဟှယ်။ အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့ရဲ့ သန့်ရှင်းရှင်း ပါရမီတော်ဟှို နို့လေခံစားရဟှို့တွပ် နို့လေရဲ့ ကျိုးဟှို ထော့-က်ဘီး ဆောင်းမပေးတော်မူဟှယ်။