ဘုရားသခင်နှစ်သက်တော်မူဟှို့ လောက်ဆောန်ဟှူနည်းကြောန်း
1 ညီကို မောန်နှမရှင်းရှင်း ရှစ်ရှင်းမြစ်တာန တည်နေဂေ့ပါ။ 2 ဧည့်ဝတ်ပြုဟှူဇာဟှို မေ့ဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ တချို့လူလေဟှာ ဧည့်ဝတ်ပြုဟှူ ခီမာ ကောန်းဂန်တမန်လေဟှို မှတ်တမဲ့ ဧည့်ခံဂေ့ဟှယ်။ 3 နန်းနို့လေဟှာ ကျဉ်းက္လခံနေရဟှူ သူလေနတူးဒူ ကိုယ်လည်းခံနေရဟှူမျိုး မှတ်ယူဘီး သူးနို့လေဟှို ဒိရဂေ့ပါ။ နန်းနို့လေဟှာ ကိုယ်ခန္ဓာန လွတ်ကင်းဘဲဟှူ သူလေဖြစ်ဟှူကြောန့် ညှဉ်းဆဲခံရဟှူသူလေဟှို အော့-က်မေ့ဂေ့ပါ။