9 အယ်မျိုးဖြစ်ကြောန့် ဘုရားသခင်ရဲ့ လူမျိုးတော်တွပ် ငြီဝပ်ရှင်း တမျိုးကျန်ရှိသေးဟှယ်။ 10 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဖန်ဆင်းဟှူမှုရာလေ ပီးစီးဟှူကြောန့် ငြီဝပ်ဘီး နေဟှူမျိုး အယ်ငြီဝပ်ရှင်းထဲဟှို ဝမ်ရဟှူသူဟှလည်း ကိုယ့်ရဲ့မှုရာလေဟှို ပီးစီးဟှူကြောန့် ငြီဝပ်ဘီး နေရလေဟှယ်။