Pular para o conteúdo
Publicidade

ဟေဗြဲ 8

6 အယ်ဘေမဲ့ ခုခီမာ ယေရှုဟှာ ပိုဘီး မြတ်ဟှူ ဂဒိတော်လေနတည်ဘီး ပိုဘီး မြတ်ဟှူ ပဋိညာဉ်တရားရဲ့ အာမခံဖြစ်ဟှူကြောန့် ပိုဘီး မြတ်ဟှူ ယဇ်ပုရောဟိတ်ခွမ့်ရာဟှို ရတော်မူဟှယ်။

7 တကယ်ကြောန့် ပထမပဋိညာဉ်တရားဟှ ပြစ်တန်ခွမ့်န လွတ်ကင်းမယ် ဆိုဟှာ ဒုတိယပဋိညာဉ်တရားဟှာ တည်ဟှို့လိုအပ်ဟှ။ 8 အယ်ဘေမဲ့ ဘုရားသခင်ဟှာ သူ့လူမျိုးလေဟှို ပြစ်တန်ဘီး မိန့်တော်မူဟှူဇာဟှ

"ဣသရေလမျိုးသားန ယုဒမျိုးသားလေတွပ်

ပဋိညာဉ်တရားသစ်ဟှို ငါပြုဟှူခီကာလ ရော့-က်လေ့မယ်။

9 အယ်ပဋိညာဉ်ဟှာ သူးနို့ဘိုးဘေးလေဟှို

အဲဂုတ္တုပြည်ဟှနေ လတ်ဆွဲဘီး ငါခေါ်ဆောန်လာဟှူခီဟှ

သူးနို့လေဟှို ပေးဖူးဟှူ ပဋိညာဉ်နတူဟှို့ မှုဟှ။

သူးနို့လေဟှာ ငါပေးဟှူပဋိညာဉ်န တည်ဂေ့ဘဲကြောန့် ငါ ဘုရားသခင်လည်း သူးနို့လေဟှို ကေ့ရှုဘဲနေဟှယ်။

10 နော့-က်တခီမာ

ဣသရေလမျိုးသားလေဟှို ငါပေးမယ့် ပဋိညာဉ်တရားဟှ

ငါဘုရားသခင်ဟှာ ငါ့ပညတ်လေဟှို သူးနို့လေရဲ့စိဝိညာဉ်ထဲဟှို သွမ်းမယ်။

သူးနို့လေရဲ့ နှလောင်းမာ ရေးဟှားမယ်။

ငါဟှာ သူးနို့လေရဲ့ ဘုရားဖြစ်ဘီး

သူးနို့လေဟှာ ငါ့ရဲ့လူမျိုးတော် ဖြစ်ဂေ့လေ့မယ်။

11 ဖယ်သူလေဟှမှ ကိုယ့်မျိုးသားရှင်းဘဲ့ဖြစ်ဖြစ်၊

ညီကိုရှင်းရှင်းဟှဘဲ့ဖြစ်ဖြစ်၊

‘ဘုရားသခင်ဟှို သိဘဲ့လော’ ဆိုဘီး သွန်သန်ပေးဟှို့လိုဟှ။

ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငယ်ဆောင်းဟှနေဘီး ကီးဆောင်းထိ

အယ်သူလေ ဂူလောင်းဟှာ ငါ့ဟှို သိကျွမ်းဂေ့လေ့မယ်။

12 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သူးနို့ရဲ့ ပြစ်လေဟှို သီးခံမယ်။

သူးနို့လေရဲ့ တရားဘဲဟှူ ဇာလေဟှို အော့-က်မေ့ဘဲန နေမယ်" ဆိုဘီး မိန့်တော်မူဟှယ်။

13 ဘုရားသခင်ဟှာ ပဋိညာဉ်သစ် ဆိုဘီး မိန့်တော်မူဟှူဇာဟှ ပထမပဋိညာဉ်တရားဟှို ဟောန်းစေတော်မူကြောန့် ဖြစ်ဟှယ်။ ရွေ့လျော့ဘီး ဟောန်းနွမ်းဟှားဟှူ ဇာဟှာ ကြာခန်မာ ပျော့-က်ကွယ်ဟှားလေ့မယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.