11 ခုဆိုဟှာ လူ့လတ်န လောက်ဘဲ၊ အယ်လောကနဆိုင်ဘဲ ပိုဘီး ကောန်းမြတ် စောင်လင်ဟှူ တဲတော်မာ ရော့-က်လာပီးဘီဖြစ်ဟှူ၉.၁၁ ရော့-က်လာပီးဘီဖြစ်ဟှူ၊ တချို့ မူရင်းလတ်ရေးမူလေမာ လာနေဟှယ်၊ ဆိုဘီး ပါရှိဟှယ်။ နော့-က်မင်္ဂလာကျိုးလေရဲ့ ယဇ်ပုရောဟိတ် မန်းဂီးဖြစ်ဟှူ ခရစ်တော်ဟှာ၊
15 အယ်ကြောန့် ပထမ ပဋိညာဉ်တရား လတ်ထတ်မာ ပြစ်မှားဟှူ ပြစ်ဟှိုလည်း လွတ်ဟှို့တွပ် ခရစ်တော်ဟှာ ကြားဝမ်စေ့စပ်ဘီး သေခံတော်မူဟှူကြောန့် ခေါ်တော်မူဟှူ သူလေဟှာ ဂဒိတော်နယှဉ်ဟှူ ထာဝရမွီဟှို ခံရဟှို့တွပ် အယ်သခင်ဟှာ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။