31 အယ်ခီမာဘဲ့ တဗဲ့တော်လေဟှာ ယေရှုဟှို "ဆရာ၊ တခုခုစားပါအူး!" ဆိုဘီး တောန်းလျှော့-က်နေဂေ့ဟှယ်။
32 အယ်ဘေမဲ့ ယေရှုဟှ "နန်းနို့သိဘဲဟှူ စားဇာဟှာ ငါ့မာရှိဟှယ်" ဆိုဘီး ဖြေလေဟှယ်။
33 အယ်ကြောန့် တဗဲ့တော်လေဟှ "ကိုယ်တော့်ဟှို ယော့-က်ယော့-က်ဟှ စားဇာလေဟှို လာပို့ဟှားလော" ဆိုဘီး သူးနို့ရှင်းရှင်း စဘီးမေးနေဂေ့ဟှယ်။
34 ယေရှုဟှ "ငါ့ဟှို စေလွှတ်ဟှူသူရဲ့ လိုတော်ဟှို လိုက်နာဘီး သူလောက်ခိုင်းဟှားဟှူ လောက်ဟှို ပီးအောန်လောက်ဇာဟှာ ငါ့စားဇာဖြစ်ဟှယ်။