ယေရှုဟှို မွီးဟှို့ကြောန်း
26 ဧလိရှဗက်ရဲ့ ဗိုက်ဟှာ ခြော့-က်လဟှို ရော့-က်လာဟှူ ခီမာ ဘုရားသခင်ဟှ ကောန်းဂန်တမန် ဂါဗြေလဟှို ဂါလိလဲပြည် နာဇရက် နာမယ်ရှိဟှူ ဗြို့ဟှို လွတ်လိုက်ဟှယ်။ 27 ၁.၂၇ မ ၁.၁၈ဒါဝိဒ်မန်းဂီးရဲ့ သားမ္လေးဖြစ်ဘီး ယောသပ် နာမယ်ရှိဟှူ လူတယော့-က်န လတ်ထပ်ဟှို့ စေ့စပ်ဟှားဟှူ မီးမပျိုတွပ် သူ့မာ ဒန်းစကား ရှိဟှယ်။ အယ်မီးမပျိုရဲ့ နာမယ်ဟှာ မာရိ ဖြစ်ဟှယ်။ 28 ကောန်းဂန်တမန်ဟှာ ရော့-က်လာဘီး "နန့်နတူးဒူ ငြီသတ်မှုရှိပါစေ! နန့်နတူးဒူ သခင်ဘုရား ရှိဘီး နန်ဟှာ ရရာတိုင်း မင်္ဂလာရှိဟှယ်!" ဆိုဘီး ပြောလေဟှယ်။