34 မာရိဟှ ကောန်းဂန်တမန်ဟှို "ကျွန်မဟှာ မီးမပျို ဖြစ်ဟှယ်။ အယ်မျိုးဆိုဟှာ ဖယ်မျိုးလောက်ဘီး သားမွီးနိုင်ဟှို့နူး။" ဆိုဘီး မေးလေဟှယ်။
35 ကောန်းဂန်တမန်ဟှာ "သန့်ရှင်းဟှူဝိညာဉ်တော်ဟှာ နန့်ထတ်မာ သတ်ရော့-က်ဘီး ဗြစ်ဆောင်းဖြစ်ဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဟှာလည်း နန့်ထတ်မာ လွှမ်းမိုးနေလေ့မယ်။ အယ်ကြောန်းကြောန့် သန့်ရှင်းဟှူ သားတော်ဟှာ ဘုရားသခင်ရဲ့ သားဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။ 36 နန့်ရဲ့ ဆွေမျိုး ဧလိရှဗက်ဟှို ဒိရဂေ့။ မြုံမ ဆိုဘီး ခေါ်ခံနေရဟှူ သူဟှာ ဖွားသန်မ ဖြစ်နေဘေမဲ့ ခု ဝန်းရှင်မ ဖြစ်နေဇာ ခြော့-က်လရှိနေဘီ။ 37 အယ်ကြောန့် ဘုရားသခင်မာ လောက်နိုင်ဘဲဇာ ဖြားလည်းမှေ့ဟှ" ဆိုဘီး မိန့်တော်မူလိုက်ဟှယ်။
38 မာရိဟှ "ကျွန်မဟှာ သခင်ဘုရားရဲ့ စေခံဖြစ်ဟှယ်။ ကိုယ်တော်ပြောဟှားတိုင်း ကျွန်မမာ ပ္လဲ့ဇောင်ပါစေ" ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ကောန်းဂန်တမန်ဟှာ မာရိနားဟှ ထွပ်ဟှားဟှယ်။