76 "သားဂန်းဟှား၊ နန့်ဟှိုလည်း ဗြစ်ဆောင်းဖြစ်ဟှူ ပရောဖက်ဆိုဘီး ခေါ်ဇာဟှို ခံရလေ့မယ်။
နန်ဟှာ သခင်ဘုရားရဲ့ လမ်းဟှို ပြင်ဆင်ဟှို့
ရှေ့တော်ပ္လေး သွားရလေ့ဘီး၊
77 ကိုယ်တော်ရဲ့ လူလေဟှို သူးနို့ရဲ့ ပြစ်လေ ဖြေလွှတ်ပေးဇာခံရကြောန့်
ကယ်တန်ခံရလေ့မယ် ဆိုဘီး ပြောလေ့မယ်။