ကောန်းဟှူ ရှမာရိရဲ့ ပေါင်ဥပမာ
25 ၁၀.၂၅–၂၈ မ ၂၂.၃၅–၄၀; မာ ၁၂.၂၈–၃၄ ကျမ်းတတ်ဆရာ တယော့-က်ဟှာ ထလာဘီးဟှာ ယေရှုဟှို "ဆရာ၊ ထာဝရသတ် ရရှိဟှို့တွပ် ဖြားလောက်ရမယ်နူး။" ဆိုဘီး ပညာစမ်းရှင်ဟှူကြောန့် မေးလျှော့-က်လေဟှယ်။
26 ယေရှုဟှာ "ပညတ်တော်မာ ဖြားဇာလေ ပြောဟှားနူး။ နန်းနို့ ဖယ်မျိုးဖတ်ဟှားနူး။" ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။
27 အယ်လူဟှ "‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စိနှလောင်းကြွင်းမဲ့၊ ဉာဏ်စွမ်းကြွင်းမဲ့၊ ကိုယ်စွမ်းရှိမျှန ရှစ်ပါ။ အယ်ဘီးဟှာ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ရှစ်ပါ’ " ဆိုဘီး ပ္လန်လျှော့-က်လေဟှယ်။
28 ယေရှုဟှ "နန်ဖြေဇာဟှာ မှန်ဟှယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ နန်ဟှာ သတ်ရှင်ရလေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
29 အယ်ဘေမဲ့ အယ်ကျမ်းတတ်ဆရာဟှာ ဖြောန့်မတ်ကြောန်းပြရှင်ဟှူကြောန့် ယေရှုဟှို "ကျွန်တော့်ရဲ့ အီဇနီးရှင်းဟှ ဖယ်သူနူး။" ဆိုဘီး သူဟှ မေးတော်မူလေဟှယ်။
30 ယေရှုဟှ "လူတယော့-က်ဟှာ ယေရုရှလင်ဗြို့ဟှနေ ယေရိခေါဗြို့ဟှို ဆင်းလာဟှူ ခီမာ မ္လတိုက်ခံရလေဟှယ်။ မ္လလေဟှာ သူ့ရဲ့ အန်းဂီးလေဟှို ခလွတ်ဘီး၊ ရိုက်သတ်ဘီးဟှာ သေခါနီးနီး ဖြစ်နေဟှူ ခီမာ ပစ်ဟှားဘီး ထွပ်ဟှားဟှယ်။ 31 အယ်မျိုးဖြစ်ဘီးန ယဇ်ပုရောဟိတ် တပါးဟှာ အယ်လမ်းတိုင်း ရော့-က်လာဟှူ ခီမာ အယ်လူဟှို ဗြင်ဘေမဲ့လည်း ရှောန်ဘီးဟှာ သွားလေဟှယ်။ 32 အယ်မျိုးဘဲ့ လေဝိတယော့-က်လည်း ရော့-က်လာဘီး အယ်လူဟှို ကေ့ဘီးန ရှောန်ဘီးဟှာ သွားလေဟှယ်။ 33 အယ်ဘေမဲ့ ရှမာရိလူမျိုး တယော့-က်ဟှာ ခရီးသွားရင်းန အယ်လူရှိဟှူ နေရာဟှို ရော့-က်လာဟှယ်။ သူဟှာ အယ်လူဟှို ဗြင်လိုက်ဟှူ ခီမာ သနားစိလေ ဖြစ်လာဟှယ်။ 34 သူဟှာ အယ်လူနားဟှို သွားဘီး အယ်လူရဲ့ ဒန်ရာလေထတ်ဟှို ဆီနဝိုင်ဟှို လောန်းထဲဘီးဟှာ ဝတ်န စဲပေးလေဟှယ်။ အယ်ဘီးန သူ့ရဲ့ မြည်းထတ်ဟှို တန်ဘီးန လူနာဟှို ပြုစုပေးဟှို့တွပ် တည်းခိုခန်းဟှို ခေါ်ဟှားဟှယ်။ 35 နတ်ကီးတိုင်မာ သူဟှာ ဇရှင်ဟှို ငွေဒန်းဂါးနှေ့ပ္လား ပေးဘီး ‘အယ်လူဟှို ကေ့ရှုပြုစုပေးပါ။ နော့-က်ထပ် ကူက္လဇာလေဟှို ငါပ္လန်လာဟှူ ခီမာ ပေးမယ်’ " ဆိုဘီး ပြောလေဟှယ်။
36 ယေရှုဟှာ "အယ်လူလေ သောင်းယော့-က်ထဲမာ ဖယ်သူဟှာ မ္လတိုက်ခံရသူန အီဇနီးရှင်းဖြစ်ဟှယ် ဆိုဘီး နန်ထန်နူး။" ဆိုဘီး မေးတော်မူလေဟှယ်။
37 ကျမ်းတတ်ဆရာဟှ "လူနာဟှို သနားဟှူလူ ဖြစ်ဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။
ယေရှုဟှ "အယ်ဆိုဟှာ နန်သွားဘီး အယ်မျိုးလောက်ပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။