39 မာသမာလည်း မာရိနာမယ်ရှိဟှူ ညီမတယော့-က်ရှိဟှယ်။ အယ်ညီမဟှာ သခင်ဘုရားရဲ့ ခေတော်ရင်းမာ ထိုင်ဘီးန ကိုယ်တော်ရဲ့ စကားတော်ဟှို နားထောန်နေလေဟှယ်။ 40 မာသဟှာ ဧည့်ဝတ်ပြုရှင်းမှုလေကြောန့် စိပူပန်ဘီး ကိုယ်တော့်ဟှို "သခင်၊ ကျွန်မဟှာ ဧည့်ဝတ်ပြုရှင်းလောက်ဟှို လောက်နေရဟှူ ခီမာ ကျွန်မညီမဟှ ကိုယ်တော်ရဲ့ ခေတော်ရင်းမာ လာထိုင်နေဇာဟှာ မျှတမှုရှိဘဲ့လော။ ကျွန်မဟှို ကူညီပေးဟှို့ သူဟှို ပြောပေးအူး!" ဆိုဘီး လျှော့-က်လေဟှယ်။
Publicidade