ပျော့-က်နေဟှူ သိုးကြောန်း
1 ၁၅.၁ လု ၅.၂၉,၃၀ တနေ့မာ ခွန်ကော့-က်မားလေန ပြစ်သားလေဟှာ တရားစကားဟှို နားထောန်ဟှို့တွပ် ယေရှုနားဟှို ရော့-က်လာဟှူ ခီမာ 2 ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှ "အယ်လူဟှာ ပြစ်သားလေဟှို လတ်ခံဘီးဟှာ သူးနို့နတူးဒူလည်း စားသော့-က်ဂေ့ဟှယ်!" ဆိုဘီး ပြစ်တန်ဂေ့ဟှယ်။