20 အယ်ကြောန့် သူဟှာ ထဘီး ဖနားဟှို ပ္လန်ဟှားဟှယ်။
"သူဟှာ ဟှိုးဝီးမာရှိနေဒူးမာ သူ့ရဲ့ဖဟှ သားဟှို ဗြင်လိုက်ဟှူ ခီမာ သနားစိ ဖြစ်လာဟှူကြောန့် ပ္လေးလာဘီး၊ သူ့ဟှို ပိုက်ဘီး နမ်းလေဟှယ်။ 21 သားဟှာ ‘ဖ၊ နို့ဟှာ ကောန်းဂန်ဟှိုရော၊ နို့ဖဟှိုရော ပြစ်မှားမိဘီ။ နို့ဟှို သား ဆိုဘီး ခေါ်ဟှို့ထိုက်ဟှ’ ဆိုဘီး ပြောလေဟှယ်။ 22 အယ်ဘေမဲ့ ဖဟှ စေခံလေဟှို ခေါ်လိုက်ဘီး ‘ဗြန်းဗြန်လောက်! ကောန်းဆောင်း ဝတ်လောင်ရှယ်ဟှို ယူလာဘီးဟှာ သူ့ဟှို ဝတ်ပေးဂေ့။ သူ့လတ်မာ လတ်စွပ်ဟှို စွပ်ပေးဘီး သူ့ရဲ့ခေမာ ခေနပ်ဟှို စီးပေးဂေ့။ 23 အယ်ဘီးဟှာ ကောန်းဆောင်း နွားသားဂန်းဟှို သွားဘီးဟှာ သတ်ဂေ့။ နို့လေ စားသော့-က်ဗွဲဂီးဟှို လောက်ဂေ့ဇို့!