12 ကိုယ်တော်ဟှာ ဝါတဝါထဲဟှို ဝမ်တော်မူဟှူ ခီမာ နူနာ ဆယ်ယော့-က်ဟှာ ကိုယ်တော့်ဟှို လာတွိဂေ့ဟှယ်။ သူးနို့လေဟှာ ဝီးဝီးမာ ရပ်နေဘီး 13 "သခင်ယေရှု! ကျွန်တော့်ဟှားလေဟှို သနားတော်မူပါ!" ဆိုဘီး အော်ပြောလေဟှယ်။
14 ယေရှုဟှာ သူးနို့ဟှို ဗြင်တော်မူဟှူ ခီမာ "နန်းနို့ဟှာ ယဇ်ပုရောဟိတ်လေနားဟှို သွားဘီး မိမိကိုယ်ဟှို ပြဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ သွားနေဒူးမာဘဲ့ သန့်ရှင်းဟှားလေဟှယ်။၁၇.၁၄သန့်ရှင်းဟှားလေဟှယ်၊ ရှု ၅.၁၂။ 15 သူးနို့ထဲဟှ တယော့-က်ဟှာ ရောဂါပျော့-က်ဟှားဘီ ဆိုဇာဟှို ဗြင်ဟှူ ခီမာ ဘုရားသခင်ဟှို သံက္လယ်ဂီးန ချီးမွမ်းဘီး ပ္လန်လာလေဟှယ်။ 16 ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်ဘီးဟှာ ကိုယ်တော့်ဟှို ကျေးဇူးတန်လေဟှယ်။ အယ်လူဟှာ ရှမာရိလူ တယော့-က်ဖြစ်ဟှယ်။ 17 ယေရှုဟှ "လူဆယ်ယော့-က်လောင်း သန့်ရှင်းဟှားဟှယ် မှုဟှလော။ ကျန်ဟှူ ကိုးယော့-က်ဟှ ဖယ်မာနူး။ 18 ဖြားဖြစ်ကြောန့် အယ်လူမျိုးခြား တယော့-က်ဘဲ့ ပ္လန်လာဘီး ဘုရားသခင်ဟှို ချီးမွမ်းရနူး။" ဆိုဘီး မေးတော်မူလေဟှယ်။ 19 အယ်ဘီးန ယေရှုဟှ သူ့ဟှို "ထဘီးသွားဝေါ့၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှ နန့်ဟှို ကျန်းမာစေဘီ" ဆိုဘီး မိန့်တော်မူလေဟှယ်။