1 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဟှို လောင်းဝ လတ်လျှော့ဘဲန မြဲဒမ်း ဆုတောန်းရမယ် ဆိုဘီး သူးနို့ဟှို သွန်သန်ဟှို့တွပ် ပေါင်ဥပမာန မိန့်တော်မူလေဟှယ်။ 2 "ဗြို့တဗြို့မာ ဘုရားသခင်ဟှိုလည်း ကြော့-က်ဘဲဟှူ၊ လူလေဟှိုလည်း ရိုသေဘဲဟှူ တရားသူဂီး တယော့-က်ရှိဟှယ်။ 3 အယ်ဗြို့မာရှိဟှူ မောက်ဆိုးမ တယော့-က်ဟှာ သူ့နားဟှို တခီလောင်းလာဘီး ‘ကျွန်မဟှို တရားစွဲဟှူသူဟှို မျှမျှတတ စီရင်ပေးပါ’ ဆိုဘီး တောန်းဗန်ဟှယ်။ 4 ခီကြာဂီး တရားသူဂီးဟှာ အယ်မောက်ဆိုးမရဲ့ လျှော့-က်ဟှားချစ်ဟှို ငြင်းဆန်လေဟှယ်။ အယ်ဘေမဲ့ နော့-က်ဆောင်းမာ သူဟှာ ‘ငါဟှာ ဘုရားသခင်ဟှိုလည်း ကြော့-က်ဟှ။ လူလေဟှိုလည်း ရိုသေဟှ။ 5 အယ်ဘေမဲ့လည်း အယ်မောက်ဆိုးမဟှာ ငါဟှို နှော့-က်ယှစ်ပေးနေဟှူကြောန့် သူ့မှုဟှို တရားနည်းလမ်းတိုင်း စီရင်မယ်။ အယ်မျိုးလောက်ဟှ ဆိုဟှာ သူဟှာ တခီလောင်းလာဘီး နော့က်ဆောင်းမာ ငါဟှို ပန်ဗန်းစေလေ့မယ်!’ ဆိုဘီး ကိုယ့်ကိုယ်ကိုယ် ပြောလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
6 သခင်ဘုရားဟှာ ဆစ်ဘီး "တရားဘဲဟှူ တရားသူဂီး ပြောလိုက်ဇာဟှို နားထောန်ကေ့။ 7 ဘုရားသခင်လည်း သူ့နားဟှို နေ့ရောညဉ့်ပါ ကူညီဟှို့တွပ် အော်ဟစ်နေဟှူ၊ သူဝီးကော့-က်ဟှားဟှူ လူလေတွပ် စီရင်ဘဲန နေဟှို့လော။ ကိုယ်တော်ဟှာ အယ်လူလေဟှို ကူညီဟှို့တွပ် ခီဆွဲနေဟှို့လော။ 8 နန်းနို့ဟှို ငါပြောမယ်။ ကိုယ်တော်ဟှာ သူးနို့လေတွပ် ဗြန်းဗြန်ဟှား တရားစီရင်လေ့မယ်။ အယ်ဘေမဲ့ လူ့ရဲ့သား ရော့-က်လာဟှူ ခီမာ ယောင်ကြည်ရှင်းဟှို မ္လေဂီးထတ်မာ တွိရအူးမယ် ဘဲ့လော။" ဆိုဘီး မိန့်တော်မူလေဟှယ်။