48 သူ့ရဲ့ မိဖလေဟှာ သူ့ဟှို တွိလိုက်ဟှူ ခီမာ အံ့ဩဟှားဘီး သူ့မိဟှာ "ဖစု၊ နန်ဟှ ဖြားဖြစ်ကြောန့် နို့လေဟှို အယ်မျိုးလောက်ရနူး။ နန့်ဖန ငါဟှာ ရရာတိုင်း စိပူဘီး နန့်ဟှို လိုက်ရှာနေဟှယ်" ဆိုဘီး သူ့ဟှို ပြောလေဟှယ်။
49 ကောန်သားဟှားဟှ "ဖြားဖြစ်ကြောန့် နို့မိဟှ နို့ဟှို လိုက်ရှာနေရနူး။ နို့ဟှ နို့ဖရဲ့ အီမာရှိနေဇာဟှို နို့မိ သိဟှလော။" ဆိုဘီး သူးနို့ဟှို ပ္လန်ပြောလေဟှယ်။ 50 အယ်ဘေမဲ့ သူးနို့ဟှာ ကောန်သားဟှားရဲ့ စကားဟှို နားလည်ဂေ့ဟှ။
51 အယ်ကြောန့် ယေရှုဟှာ သူးနို့နတူးဒူ နာဇရက်ဗြို့ဟှို ပ္လန်လိုက်ဟှားဘီး အယ်နေရာမာ သူဟှာ သူးနို့စကားဟှို နားထောန်ဘီးနေဟှယ်။ ကောန်သားဟှားရဲ့ မိခင်ဟှာ အယ်ဖြစ်ပျစ်ဇာလေ ဂူလောင်းဟှို စိနှလောင်းထဲမာ သီးဟှားဟှယ်။