သိုးထီးမားလေန ကောန်းဂန်တမန်လေကြောန်း
8 အယ်ရပ်ဟှ သိုးထီးမားတချို့ဟှာ တညဉ့်လောင်း ကွမ်းပ္လန်မာနေဘီး၊ သူးနို့ရဲ့ သိုးလေဟှို ကေ့ရှုဟှယ်။ 9 သခင်ဘုရားရဲ့ ကောန်းဂန်တမန်ဟှာ သူးနို့နားမာ ပေါ်လာဘီး ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှာ သူးနို့ထတ်မာ လန်းထီလာဟှယ်။ သူးနို့ဟှာ ရရာတိုင်း ကြော့-က်လန့်ဟှားဟှယ်။ 10 အယ်ဘေမဲ့ ကောန်းဂန်တမန်ဟှာ သူးနို့ဟှို ပြောလိုက်ဇာဟှ၊ "ကြော့-က်ဂေ့န! ငါဟှာ လူမျိုးအားလောင်းတွပ် ရရာတိုင်း ဝန်းသာဇာ ဒန်းကောန်းဟှို သယ်ဆောန်လာဟှယ်။