42 ကိုယ်တော်ဟှ "ဖ၊ ဖြစ်နိုင်မယ် ဆိုဟှာ အယ်မူဝေဒနာခွပ်ဟှို ကျွန်တော့်ဟှနေဘီး ယူဟှားပေးပါ။ အယ်ဘေမဲ့ ကျွန်တော့် လိုရှင်တိုင်းဖြစ်စေဘဲန ဖလိုရှင်းတိုင်းဘဲ့ ဖြစ်စေပါ" ဆိုဘီး ဆုတောန်းလေဟှယ်။ 43 အယ်ခီမာ ကောန်းဂန်ဘောင်ဟှ ကောန်းဂန်တမန်တပါးဟှာ ကိုယ်တော်နားမာ ပေါ်လာဘီး ကိုယ်တော့်ဟှို အားပေးတော်မူဟှယ်။ 44 ကိုယ်တော်ဟှာ ပြင်းထန်ဟှူ ဝေဒနာဟှို ခံစားဘီး ပိုဘီး ပြင်းပြင်းထန်ထန် ဆုတောန်းဟှူကြောန့် ကိုယ်တော်ရဲ့ ချွေးဟှာ သွီးစစ်လေမျိုး မ္လေဂီးထတ်ဟှို က္လလေဟှယ်။၂၂.၄၄ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၄၃–၄၄ ဟှာ မှေ့ဟှ။
Publicidade