25 အယ်ဘီးန ယေရှုဟှ "ပရောဖက်လေ ဟောဟှားဇာ ဂူလောင်းဟှို နှလောင်းထဲမာ ယောင်ကြည်ဟှို့ ရရာတိုင်း နှေးကွေးဟှူ လူမိုက်လေ! 26 မေရှိယဟှာ အယ်မျိုးဒေါက်ခခံဘီးန သူ့ရဲ့ဖောင်းသရေထဲဟှို့ ဝမ်စားရမယ် မှုဟှလော။" ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။ 27 အယ်ဘီးဟှာ ယေရှုဟှ မောရှေရဲ့ ကျမ်းလေန ပရောဖက်လေရဲ့ ကျမ်းဂူလောင်းမာ ကိုယ်တော်န ပတ်သတ်ဘီး ရေးဟှားဇာလေဟှို သူးနို့လေဟှို ရှင်းပြတော်မူဟှယ်။