နူနာရောဂါဟှို ပျော့-က်စေဟှူကြောန်း
12 တနေ့မာ ယေရှုဟှာ ဗြို့တဗြို့မာ ရှိနေဒူးမာ နူနာသယ် တယော့-က်ဟှာ ယေရှုဟှို ဗြင်ဟှားဟှူ ခီမာ ပျပ်ဝပ်ဘီး ကိုယ်တော့်ဟှို "သခင်၊ လိုတော်ရှိဟှယ် ဆိုဟှာ ကျွန်တော့်ဟှို သန့်ရှင်းအောန် လောက်နိုင်ဟှယ်!" ဆိုဘီး တောန်းဗန်လေဟှယ်။ ၅.၁၂ ကျွန်တော့်ဟှို သန့်ရှင်းအောန် လောက်နိုင်ဟှယ်၊ အယ်ရောဂါဟှာ လူတယော့-က်ဟှို မြဲဒမ်း သန့်ရှင်းဘဲအောန် လောက်ဟှယ် ဆိုဘီး ယူဆဟှယ်။
13 ယေရှုဟှာ လတ်တော်ဟှို ဆန့်ဘီးဟှာ သူ့ဟှို တို့ထိတော်မူဟှယ်။ "ငါလိုရှိဟှယ်။ သန့်ရှင်းစေ!" ဆိုဘီး ကိုယ်တော်ဟှ မိန့်တော်မူဟှယ်။ ရှစ်ရှင်းဘဲ့ နူနာရောဂါဟှာ ပျော့-က်ဟှားလေဟှယ်