စာရှောန်ရှင်းန ဆိုင်ဟှူမေးခွန်းကြောန်း
33 လူတချို့ဟှ ယေရှုဟှို "ယောဟန်ရဲ့ တဗဲ့လေန ဖာရိရှဲလေရဲ့ တဗဲ့လေဟှာ စာရှောန်ရှင်းန ဆုတောန်းရှင်းလေဟှို ခါဘီးခါ လောက်ဘေမဲ့ ကိုယ်တော်ရဲ့ တဗဲ့လေဟှာ စားသော့-က်ဘီး နေဂေ့ဟှယ်" ဆိုဘီး မေးလျှော့-က်ဂေ့ဟှယ်။
34 ယေရှုဟှ "အီတတ်ဗွဲမာ ဒို့သားနတူးဒူ ရှိနေဟှူ ပေါန်းသင်းလေဟှာ ဒို့သားနတူးဒူ ရှိနေခီမာ စာရှောန်ခိုင်းနိုင်လော။ 35 အယ်ဘေမဲ့ ဒို့သားဟှို သူးနို့နားဟှနေ ဆောန်ယူဟှားဟှို့နေ့ ရော့-က်လာဟှူ ခီမာ သူးနို့ဟှာ စာရှောန်လေ့မယ်" ဆိုဘီး ဖြေတော်မူလေဟှယ်။