ရန်သူဟှို ရှစ်ဂေ့ဟှို့ကြောန်း
27 "အယ်ဘေမဲ့ ငါ့စကားဟှို ကြားရဟှူ နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ရဲ့ ရန်သူလေဟှို ရှစ်ဂေ့။ နန်းနို့ဟှို မူးဟှူလူလေဟှို ကျေးဇူးပြုဂေ့။ 28 နန်းနို့ဟှို ကီဆဲဟှူ လူလေဟှို ကောန်းဂျီးပေးဂေ့။ နန်းနို့ဟှို နှော့-က်ယှစ်ဟှူ လူလေတွပ် ဆုတောန်းဂေ့။