သီးန ပန်ကြောန်း
43 "သစ်ပန်ကောန်းဟှာ သီးညံ့ဟှို သီးဂေ့ဟှ။ အယ်မျိုးဘဲ့ သစ်ပန်ညံ့ဟှာလည်း သီးကောန်းဟှို သီးဂေ့ဟှ။ 44 ၆.၄၄ မ ၁၂.၃၃သစ်ပန်တိုင်းဟှာ သီးဟှို ကေ့လိုက်ဟှူန သစ်ပန်ရဲ့ ကြောန်းဟှို သိရလေဟှယ်။ နန်းနို့ဟှာ ဆူးဗန်ဟှနေ သန်းဖောသဖန်းသီးဟှို ဆွတ်ဟှို့ ရဂေ့ဟှမျိုးဘဲ့ ဆူးချောင်ဟှနေ စဗျစ်သီးဟှို ဆွတ်ဟှို့ ရဂေ့ဟှ။ 45 ၆.၄၅ မ ၁၂.၃၄ လူကောန်းဟှာ သူ့ရဲ့ စိနှလောင်း ဘဏ္ဍာတိုက်ထဲဟှ ကောန်းဟှူဇာလေဟှို ထောက်ဖော်တတ်ဘီး လူဆိုးဟှာ ဆိုးဟှူ ဇာလေဟှို ထောက်ဖော်တတ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နှောက်ဟှာ စိနှလောင်းပ္လဲ့ ရှိဒဲ့တိုင်း ပြောတတ်ဟှယ်။