2 ၈.၂,၃ မ ၂၇.၅၅,၅၆; မာ ၁၅.၄၀,၄၁; လု ၂၃.၄၉ရောဂါဘေး၊ နတ်ဆိုးဘေးလေဟှ လွှတ်ဟှားဟှူ မီးမတချို့န နတ်ဆိုးခွန်နစ်ကောန်ရဲ့ နှိစစ်ရှင်းဟှနေ လွှတ်ဟှားဟှူ မာရိန (မာဂဒလဝါသူ ဆိုဘီး လည်းခေါ်ဟှယ်)၊ 3 ဟေရုဒ်မန်းဂီးရဲ့ မျစ်နှာလွှဲဖြစ်ဟှူ ခုဇရဲ့ မယား ယောဟန္န၊ ရှုရှန္န၊ ယေရှုန တဗဲ့တော်လေဟှို လောက်ကျွေးနေဟှူ မီးမတချို့လည်း လိုက်ဟှားဟှယ်။