လေမူဒိုင်းဟှို ငြီးစေဟှူကြောန်း
22 တနေ့မာ ယေရှုဟှာ တဗဲ့တော်လေနတူးဒူ လှေထဲဟှို ဝမ်ဟှားဘီးန သူးနို့ဟှို "အိုင်တဖတ်ဟှို ကူးဂေ့ဇို့" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် သူးနို့ဟှာ စဘီးကူးဂေ့ဟှယ်။ 23 သူးနို့ဟှာ ဝပ်လွှမ့်နေဟှူ ခီမာ ယေရှုဟှာ အိမွိနေတော်မူဟှယ်။ ရောက်တရစ် အိုင်ထဲမာ လေမူဒိုင်းက္လဘီး လှေဟှာ ရေနပ္လဲ့ခါနီးနီး ဖြစ်ဟှားဟှူကြောန့် သူးနို့လေ ဂူလောင်းဟှာ ရရာတိုင်း ကြော့-က်လန့်နေဂေ့ဟှယ်။ 24 တဗဲ့တော်လေဟှာ ယေရှုနားဟှို သွားဘီးန ကိုယ်တော့်ဟှို နှိုးဘီး "သခင်၊ သခင်! ကျွန်တော့်ဟှားလေ သေဟှို့ဖြစ်နေဂေ့ဘီ!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။
ယေရှုဟှာ အိယာဟှ ထလာဘီးန လေနလှိုင်းဟှို မိန့်ပေးလိုက်ဟှူန လေနလှိုင်းလည်း လောက်ဝ ငြီသတ်ဟှားလေဟှယ်။ 25 အယ်ဘီးမှ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို "နန်းနို့ရဲ့ ယောင်ကြည်ရှင်း ဖယ်မာနူး" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှာ ကြော့-က်ရွံ့အံ့ဩဘီး "အယ်လူဟှ ဖယ်သူနူး။ သူဟှာ လေနလှိုင်းလေဟှို မိန့်ပေးလိုက်န သူးနို့လေဟှာ နားထောန်ဂေ့ဟှယ်!" ဆိုဘီး သူးနို့ရှင်းရှင်း ပြောနေဂေ့ဟှယ်။
နတ်ဆိုးဟှို နှန်ထုဟှူကြောန်း
26 ယေရှုန တဗဲ့တော်လေဟှာ ဂါရစပြည်၈.၂၆ ဂါရစပြည်၊ တချို့ မူရင်းလတ်ရေးမူလေမာ ဂါဒရပြည်၊ ဆိုဘီး ရှိဟှယ် (ရှု မ ၈.၂၈)၊ တခြားကျမ်းလေမာ ဂါရဂီသ၊ ဆိုဘီး ရှိဟှယ်။ဟှို ဝပ်လွှမ့်ဟှားဘီး ဂီရသဒေသဟှာ ဂါလိလဲပြည် အိုင်တဖတ်မာ ရှိဟှယ်။