ယာဣရုရဲ့ သမီးန ယေရှုရဲ့ ဝတ်လောင်ဟှို တို့ထိဟှူမီးမ
40 ယေရှုဟှာ အိုင်တဖတ်ဟှို ပ္လန်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို ကြိုဆိုဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ ကိုယ်တော့်ဟှို စောန့်နေဂေ့ကြောန့် ဖြစ်ဟှယ်။ 41 အယ်ခီမာ ယာဣရု နာမယ်ရှိဟှူ လူတယော့-က် ရော့-က်လာဟှယ်။ သူဟှာ ဝါလယ်ဇရပ်မှူး ဖြစ်ဟှယ်။ သူဟှာ ယေရှုရဲ့ ခေတော်ရင်းမာ ပ္လားပ္လားဝပ်ဘီး သူ့အီဟှို ကြွပေးတော်မူဟှို့တွပ် ကိုယ်တော့်ဟှို တောန်းဗန်နေဟှယ်။ 42 ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့ရဲ့ တယော့-က်ဒဲရှိဟှူ ဆယ့်နှေ့နှစ်ရွယ် သမီးဟှာ သေခါနီးဖြစ်နေကြောန့် ဖြစ်ဟှယ်။
ယေရှုဟှာ သူနတူးဒူ လိုက်ဟှားဟှူ ခီမာ လူလေဟှာ ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်။ 43 သူးနို့လေထဲမာလည်း ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာဖြစ်နေဟှူကြောန့် သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်။၈.၄၃ တချို့ မူရင်းလတ်ရေးမူလေမာ သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်၊ ဆိုဘီး မှေ့ဟှ။ အယ်ဘေမဲ့လည်း သူ့ရောဂါဟှို ပျော့-က်အောန် ကုနိုင်ဂေ့ဘဲဟှူ မီးမတယော့-က်ရှိလေဟှယ်။ 44 အယ်မီးမဟှာ ယေရှုနော့-က်ဟှ ကပ်လိုက်ဟှားဘီးန ကိုယ်တော်ရဲ့ ဝတ်လောင်တော်ဟှ ပန်းဗွားဟှို တို့ထိလိုက်ဟှူန အယ်မီးမရဲ့ သွီးသွန်ဇာဟှ ရှင်းရှင်း တိဟှားဟှယ်။ 45 ယေရှုဟှ "ငါ့ဟှို ဖယ်သူ တို့ထိလိုက်နူး" ဆိုဘီး မေးလိုက်ဟှယ်။
လူတိုင်းဟှ ဂြင်းဂေ့ဘီး ပေတရုဟှ "သခင်၊ လူလေဟှာ ကျွန်တော့်ဟှားလေရဲ့ ပတ်လည်မာရှိနေဘီး ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
46 အယ်ဘေမဲ့ ယေရှုဟှ "ငါ့ဟှို ယော့-က်ယော့-က်ဟှ တို့ထိလိုက်ဟှယ်။ ငါ့ထဲဟှ တဂိုးထွပ်ဟှားဇာဟှို ငါသိဟှယ်" ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ 47 အယ်မီးမဟှာ သူတို့ထိလိုက်ဇာဟှို သိဟှားဘီ ဆိုဘီး ကြော့-က်ရွံ့တောင်လှောက်နေကြောန့် ရှေ့ဟှို ထွပ်လာဘီး ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ လူလေ ဂူလောင်းရဲ့ရှေ့မာ ကိုယ်တော့်ဟှို ဖြားကြောန့် တို့ထိရကြောန်းန ဖယ်မျိုး ရှင်းရှင်း နာပျော့-က်ဟှားကြောန်းဟှို ပြောပြလိုက်ဟှယ်။ 48 ယေရှုဟှာ အယ်မီးမဟှို "ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ရှင်းန သွားပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
49 ယေရှုဟှာ အယ်မျိုး ပြောနေဟှူ ခီမာဘဲ့ ဝါလယ်ဇရပ်မှူးရဲ့ အီဟှနေ လူတယော့-က် ရော့-က်လာဟှယ်။ ယာဣရုဟှို "ကိုယ်တော်ရဲ့ သမီးဟှာ သေဟှားဘီ။ ဆရာဟှို နှောက်ယှစ်ပေးန" ဆိုဘီး သူဟှ ပြောလေဟှယ်။
50 အယ်ဘေမဲ့ ယေရှုဟှာ အယ်မျိုးပြောနေဇာဟှို ကြားဘီးန ယာဣရုဟှို "စိုးရိမ်န။ ယောင်ကြည်ရှင်းဘဲ့ရှိပါ။ ဝယ်ဟှားဂန်းဟှာ ကျန်းမာဟှားလေ့မယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။
51 ယာဣရုရဲ့ အီဟှို ရော့-က်ဟှားဟှူ ခီမာ ကိုယ်တော်ဟှာ ပေတရု၊ ယောဟန်၊ ယာကုပ်န ဝယ်ဟှားဂန်းရဲ့ မိဖလေဟှလွဲဘီး တခြားဖယ်သူ့ဟှိုမှ ကိုယ်တော်နတူးဒူ အီထဲဟှို ဝမ်ခွမ့်ပေးဟှ။ 52 လူတိုင်းဟှာ ဝယ်ဟှားဂန်းတွပ် ငိုကြွေးဘီးဝန်းနဲ နေဂေ့ဟှယ်။ ယေရှုဟှ "ငိုန၊ ဝယ်ဟှားဂန်းဟှာ သေနေဇာ မှုဟှ။ အိမွိနေဟှယ်!" ဆိုဘီး မိန့်တော်မူလေဟှယ်။
53 သူးနို့ ဂူလောင်းဟှာ ကိုယ်တော့်ဟှို ရယ်ဇားဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဝယ်ဟှားဂန်းဟှာ သေနေဘီ ဆိုဇာဟှို သူးနို့ သိနေကြောန့် ဖြစ်ဟှယ်။ 54 အယ်ဘေမဲ့ ယေရှုဟှာ ဝယ်ဟှားဂန်းရဲ့ လတ်ဟှို ကိုင်လိုက်ဘီး "ဝယ်ဟှားဂန်း၊ ထဝေါ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။ 55 ဝယ်ဟှားဂန်းဟှာ သတ်ဝိညာဉ် ပ္လန်ဝမ်လာဘီး ရှစ်ရှင်းထလေဟှယ်။ ယေရှုဟှာ ဝယ်ဟှားဂန်းဟှို စားဇာကျွေးဟှို့ သူးနို့ဟှို မိန့်တော်မူလိုက်ဟှယ်။ 56 ဝယ်ဟှားဂန်းရဲ့ မိဖလေဟှာ ရရာတိုင်း အံ့ဩဟှားဟှယ်။ အယ်ဘေမဲ့ ယေရှုဟှ အယ်မျိုးဖြစ်ဇာလေဟှို ဖယ်သူ့ဟှိုလည်း ပြောဘဲဟှို့တွပ် သူးနို့ဟှို ပညတ်တော်မူလေဟှယ်။