43 သူးနို့လေထဲမာလည်း ဆယ့်နှေ့နှစ် လောင်းလောင်း သွီးသွန်နာဖြစ်နေဟှူကြောန့် သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်။၈.၄၃ တချို့ မူရင်းလတ်ရေးမူလေမာ သူ့ကပ်လေ ဂူလောင်း ကူဒဲ့ထိ ဆရာဝန်လေန ကုဟှယ်၊ ဆိုဘီး မှေ့ဟှ။ အယ်ဘေမဲ့လည်း သူ့ရောဂါဟှို ပျော့-က်အောန် ကုနိုင်ဂေ့ဘဲဟှူ မီးမတယော့-က်ရှိလေဟှယ်။ 44 အယ်မီးမဟှာ ယေရှုနော့-က်ဟှ ကပ်လိုက်ဟှားဘီးန ကိုယ်တော်ရဲ့ ဝတ်လောင်တော်ဟှ ပန်းဗွားဟှို တို့ထိလိုက်ဟှူန အယ်မီးမရဲ့ သွီးသွန်ဇာဟှ ရှင်းရှင်း တိဟှားဟှယ်။ 45 ယေရှုဟှ "ငါ့ဟှို ဖယ်သူ တို့ထိလိုက်နူး" ဆိုဘီး မေးလိုက်ဟှယ်။
လူတိုင်းဟှ ဂြင်းဂေ့ဘီး ပေတရုဟှ "သခင်၊ လူလေဟှာ ကျွန်တော့်ဟှားလေရဲ့ ပတ်လည်မာရှိနေဘီး ကိုယ်တော့်ဟှို တိုးဝှေ့နေဂေ့ဟှယ်" ဆိုဘီး ပ္လန်ဖြေလေဟှယ်။
46 အယ်ဘေမဲ့ ယေရှုဟှ "ငါ့ဟှို ယော့-က်ယော့-က်ဟှ တို့ထိလိုက်ဟှယ်။ ငါ့ထဲဟှ တဂိုးထွပ်ဟှားဇာဟှို ငါသိဟှယ်" ဆိုဘီး ပ္လန်မိန့်တော်မူလေဟှယ်။ 47 အယ်မီးမဟှာ သူတို့ထိလိုက်ဇာဟှို သိဟှားဘီ ဆိုဘီး ကြော့-က်ရွံ့တောင်လှောက်နေကြောန့် ရှေ့ဟှို ထွပ်လာဘီး ယေရှုရဲ့ ခေတော်ရင်းမာ ပျပ်ဝပ်လိုက်ဟှယ်။ လူလေ ဂူလောင်းရဲ့ရှေ့မာ ကိုယ်တော့်ဟှို ဖြားကြောန့် တို့ထိရကြောန်းန ဖယ်မျိုး ရှင်းရှင်း နာပျော့-က်ဟှားကြောန်းဟှို ပြောပြလိုက်ဟှယ်။ 48 ယေရှုဟှာ အယ်မီးမဟှို "ငါ့သမီး၊ နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကျန်းမာစေဘီ။ ငြီသတ်ရှင်းန သွားပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။