တဗဲ့တော် ဆယ့်နှေ့ပါးဟှို စေလွှတ်ဟှူုကြောန်း
1 ယေရှုဟှာ တဗဲ့တော် ဆယ့်နှေ့ပါးဟှို ခေါ်ဘီး နတ်ဆိုးလေဟှို နှန်ထုဟှို့န ရောဂါလေ ပျော့-က်စေဟှို့ သူးနို့ဟှို တဂိုးန ခွမ့်အာဏာဟှို ပေးတော်မူဟှယ်။ 2 အယ်ဘီးန ကိုယ်တော်ဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ကြောန်း ဟောပြောဟှို့န လူနာလေ ကျန်းမာစေဟှို့ သူးနို့ဟှို စေလွတ်တော်မူဘီးန၊ 3 ၉.၃–၅ လု ၁၀.၄–၁၁သူးနို့ဟှို "ခရီးသွားဟှို့တွပ် နန်းနို့နတူးဒူ ဖြားဇာလည်း ယူဟှားဂေ့န။ တောန်အူး၊ လွယ်အိ၊ စားဇာ၊ ကပ်လေန အန်းဂီပိုလည်း ယူဂေ့န။ 4 ဖယ်အီဘဲ့ဖြစ်ဖြစ် နန်းနို့ဟှို ဝမ်ခွမ့်ပြုဟှယ် ဆိုဟှာ အယ်ဗြို့ဟှ ထွပ်ခန်ထိ အယ်အီမာနေဘီး 5 ၉.၅ တ ၁၃.၅၁လူလေဟှ နန်းနို့ဟှို လတ်ခံဟှ ဆိုဟှာ အယ်ဗြို့ဟှ ထွပ်ဟှားဘီး သူးနို့ဟှာ လတ်ခံဂေ့ဟှ ဆိုဇာဟှို သတ်သေဖြစ်န နန်းနို့ခေဖွားဟှ မ္လေမုဟှို ခါခ္လလိုက်ဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
6 တဗဲ့တော်လေဟှာ ထွပ်ဟှားဘီး ဝါလေဂူလောင်းဟှို သွားဘီးန ရော့-က်ဟှူ နေရာတိုင်းမာ ဒန်းကောန်းဟောပြောဂေ့ဘီး ရောဂါလေဟှို ပျော့-က်စေဂေ့ဟှယ်။