12 ညဉ့်မိုက်ခါနီးခီမာ တဗဲ့တော် ဆယ့်နှေ့ပါးဟှာ ကိုယ်တော့်နားဟှို လာဘီးန "လူလေဟှို နီးနားမာရှိနေဟှူ ဝါလေဟှို သွားစေဘီး အိဟှို့နေရာလေန စားဇာလေရှာဟှို ရှာစေတော်မူပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်နေရာဟှာ လူသူမှေ့ဘဲဟှူ နေရာဖြစ်ဟှူကြောန့် ဖြစ်ဟှယ်" ဆိုဘီး လျှော့-က်ဂေ့ဟှယ်။
13 အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့ဟှို "နန်းနို့ကိုယ်တိုင် သူးနို့စားဟှို့ စားဇာတခုခုပေးဂေ့" ဆိုဘီး မိန့်တော်မူလေဟှယ်။
သူးနို့ဟှ "ကျွန်တော့်ဟှားလေ ဂူလောင်းမာ မုငါးလောင်းန ငါးနှေ့ကောန်ဘဲ့ ရှိဟှယ်။ ကိုယ်တော်ဟှ အယ်လူအောက်ဂီးတွပ် စားဇာဝယ်ဟှို့ ကျွန်တော့်ဟှားလေဟှို သွားစေရှင်လော" ဆိုဘီး ပ္လန်လျှော့က်ဂေ့ဟှယ်။ 14 (အယ်လူအောက်ဂီးထဲမာ ယော့-က်ကျား ��,������ လော့-က် ရှိဟှယ်။)
ယေရှုဟှာ တဗဲ့တော်လေဟှို "လူလေဟှို ငါးဆယ်စီစုဘီး ထိုင်ခိုင်းလိုက်" ဆိုဘီး မိန့်တော်မူလေဟှယ်။
15 တဗဲ့တော်လေဟှာ မိန့်တော်မူလိုက်ဟှူတိုင်း လောက်ဘီးန၊ 16 ယေရှုဟှာ မုငါးလောင်းန ငါးနှေ့ကောန်ဟှို ယူလေဟှယ်။ အယ်ဘီးန ကောန်းဂန်ဟှို မော့ကေ့ဘီး၊ မုန ငါးတွပ် ဘုရားသခင်ဟှို ချီးမွမ်းဘီး၊ မုဟှို ဖဲ့ဘီးန လူလေဟှို ဝီပေးဟှို့ တဗဲ့တော်လေဟှို ပေးလေဟှယ်။ 17 သူးနို့ ဂူလောင်းဟှာ ဗိုက်ပ္လဲ့အောန် စားဂေ့ဘီးန တဗဲ့တော်လေဟှာ ကြွင်းကျန်လေဟှို လိုက်ကော့-က်ဂေ့ဇာ ခြင်းဒေါန်းန ဆယ့်နှေ့တောန်းပ္လဲ့ ရဂေ့ဟှယ်။