38 လူအောက်ဂီးထဲဟှနေ လူတယော့-က်ဟှ "ဆရာ! ကျွန်တော့်ရဲ့ သားဟှို ကေ့ရှုပေးဟှို့ ကျွန်တော်တောန်းဗန်ပါဟှယ်။ သူဟှာ ကျွန်တော့်ရဲ့ တယော့-က်ဒဲဟှူ သားဖြစ်ဟှယ်! 39 နတ်ဖမ်စားဟှားဟှူကြောန့် သူဟှာ ရောက်တရစ် ထအော်ဘီးဟှာ ဇတ်ပေါ့-က်ဟှ ဖြုတ်လေထွပ်ဘီး တော့-က်မာလာလေဟှယ်။ နတ်ဟှာ သူ့ဟှို နာကျင်အောန်လောက်ဘီးမှ ခတ်ခတ်ခဲခဲ ထွပ်ဟှားဟှယ်! 40 ကျွန်တော်ဟှာ ဆရာရဲ့ တဗဲ့လေဟှို အယ်နတ်ဟှို နှန်ထုခိုင်းဘေမဲ့ သူးနို့ဟှာ တတ်နိုင်ဂေ့ဟှ" ဆိုဘီး အော်ဟစ်ဘီး လျှော့-က်လေဟှယ်။
41 ယေရှုဟှ "ယောင်ကြည်ရှင်းလည်းမှေ့။ ဖော့-က်ပ္လန်ဟှူ လူလေ! ငါဟှာ နန်းနို့နတူးဒူ ဖယ်လော့-က်ကြာအောန် နေနေရနူး။ ငါဟှာ နန်းနို့ဟှို ဖယ်လော့-က်ကြာကြာ သီးခံရဟှို့နူး။" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ဘီးန ကိုယ်တော်ဟှာ အယ်လူဟှို "နန့်ရဲ့ သားဟှို ခေါ်လာပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
42 ကောန်သားဟှားဟှာ လာနေဒူးမာဘဲ့ နတ်ဆိုးဟှာ သူ့ဟှို မ္လေထတ်မာလှဲခ္လဘီး တော့-က်မာအောန် လောက်ဟှယ်။ ယေရှုဟှာ ညစ်ညူးဟှူနတ်ဟှို မိန့်ပေးလိုက်ဘီး ကောန်းသားဟှားဟှို ကျန်းမာစေဘီးန သူ့ရဲ့ဖဟှို ပ္လန်ပေးလေဟှယ်။ 43 လူလေ ဂူလောင်းဟှာ ဘုရားသခင်ရဲ့ မဟာတဂိုးတော်ဟှို အံ့ဩဟှားဂေ့ဟှယ်။
သေခံရဟှို့တွပ် ထပ်ဘီး မိန့်တော်မူဟှူကြောန်း
လူလေဟှာ ယေရှု ပြုလောက်ဇာလေ ဂူလောင်းဟှို အံ့ဩနေခီမာဘဲ့ ကိုယ်တော်ဟှာ တဗဲ့တော်လေဟှို