ယေရှုရဲ့ နော့-က်လိုက်ဖြစ်ရှင်ဟှူ သူလေကြောန်း
57 သူးနို့ဟှာ ခရီးဆစ်သွားနေကြောန့် လူတယော့-က်ဟှာ ယေရှုဟှို "ကိုယ်တော် ဖယ်နေရာသွားသွား ကျွန်တော် လိုက်ပါမယ်" ဆိုဘီး လျှော့-က်လေဟှယ်။
58 ယေရှုဟှလည်း "မ္လေခွီးမာ တွမ်းရှိဟှယ်။ ကောန်းဂန်ဟှ ငှတ်မာလည်း သိုက်ရှိဟှယ်။ အယ်ဘေမဲ့ လူ့ရဲ့သားမာဟှ ခေါန်းခ္လဟှို့တွပ် နေရာမှေ့ဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။
59 ကိုယ်တော်ဟှာ "ငါ့နော့-က်ဟှို လိုက်ပါ" ဆိုဘီး တခြား တယော့-က်ဟှို မိန့်တော်မူလေဟှယ်။
အယ်ဘေမဲ့ အယ်လူဟှ "သခင်၊ ကျွန်တော့်ဖဟှို ရင်ဦးဆောင်း သွားဘီး သင်္ဂြိုဟ်ဟှို့တွပ် ခွမ့်ပေးပါ" ဆိုဘီး လျှော့-က်လေဟှယ်။
60 ယေရှုဟှ "လူသေလေဟှို လူသေလေဘဲ့ သင်္ဂြိုဟ်ပါစေ။ နန်ဟှာ သွားဘီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဟောပြောပါ" ဆိုဘီး မိန့်တော်မူလေဟှယ်။
61 နော့-က်တယော့-က်ဟှလည်း "သခင်၊ ကျွန်တော်ဟှာ ကိုယ်တော့် နော့-က်တော်ဟှို လိုက်ရှင်ဟှယ်။ အယ်ဘေမဲ့ ကျွန်တော့်မိသားစုဟှို ရင်ဦးဆောင်း နှောက်ဆစ်ခွမ့်ပြုပါ" ဆိုဘီး လျှော့-က်လေဟှယ်။
62 ယေရှုဟှာ သူ့ဟှို "ထွန်ဂိုင်းဟှို ကိုင်ဘီး နော့-က်ဟှို ပ္လန်လှည့်ကေ့ဟှူ လူဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်တွပ် သောင်းဇာဟှိရဟှ" ဆိုဘီး မိန့်တော်မူလေဟှယ်။