ယေရှုရဲ့မိခင်န ညီလေကြောန်း
46 ယေရှုဟှာ ပရိသတ်လေဟှို ပြောနေဒူး မိန ညီလေဟှာ ရော့-က်လာဟှယ်။ ကိုယ်တော့်ဟှို တွိရှင်ဟှူကြောန့် သူးနို့ဟှာ ပ္လန်မာ စောန့်နေဂေ့လေဟှယ်။ 47 အယ်ကြောန့် လူတယော့-က်ဟှ "ကိုယ်တော်ရဲ့ မိန ညီလေဟှာ ကိုယ်တော့်ဟှို တွိရှင်ဟှူကြောန့် ပ္လန်မာ စော့န်နေဂေ့ဟှယ်" ဆိုဘီး လျှော့-က်လေဟှယ်။၁၂.၄၇ တချို့ မူရင်းလတ်ရေးမူလေမာ ခန်းငယ် ၄၇ မှေ့ဟှ။
48 ယေရှုဟှလည်း "ငါ့မိ၊ ငါ့ညီလေဟှ ဖယ်သူနူး" ဆိုဘီး မေးလေဟှယ်။ 49 အယ်ဘီးန တဗဲ့တော်လေဟှို ညွှန်ပြဘီးဟှာ "ကေ့ဂေ့! ငါ့မိ၊ ငါ့ညီလေဟှာ အယ်သူလေဘဲ့ ဖြစ်လေဟှယ်! 50 ကောန်းဂန်ဘောင်မာ ရှိတော်မူဟှူ ငါ့ဖရဲ့ လိုတော်ဟှို ဆောန်ရွက်ဟှူ သူမှန်ဟှူမျှဟှာ ငါ့ညီ၊ ငါ့ညီမန ငါ့မိလေဘဲ့ ဖြစ်ဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။