Pular para o conteúdo
Publicidade

မဿဲ 13

ဗြစ်ပန်ရဲ့ ပေါင်ဥပမာကြောန်း

24 ယေရှုဟှာ တခြားပေါင်ဥပမာန မိန့်တော်မူဟှူဇာဟှာ "ကောန်းဂန်နိုင်ငံတော်ဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲမားနတူလေဟှယ်။ 25 လယ်သမားလေ အိမွိနေခီမာ ရန်သူလာဘီးဟှာ ဂျောင်မျိုးစေ့လေကြားထဲမာ ဗြစ်စေ့လေဟှို ကြဲလေဟှယ်။ 26 အပန်လေပေါ့-က်လာဘီး သီးနှံထွပ်လာခီမာ တောဗြစ်ပန်လေလည်း ထန်ရှားလာလေဟှယ်။ 27 လယ်ဇရှင်ရဲ့ စေခံလေဟှ လယ်ဇရှင်နားဟှို လာဘီး ‘သခင်၊ ကျွန်တော်ဟှားလေဟှာ ကောန်းဟှူမျိုးစေ့ဟှို လယ်ထဲမာ ကြဲပါဟှယ်။ တောဗြစ်ပန်လေဟှ ဖယ်နေရာဟှ ရော့-က်လာပါနူး’ ဆိုဘီး မေးဂေ့လေဟှယ်။ 28 လယ်ဇရှင်ဟှ ‘အယ်မျိုးဖြစ်ဇာဟှာ ရန်သူလောက်ဇာဖြစ်ဟှယ်’ ဆိုဘီး ပ္လန်ပြောလိုက်ဟှယ်။ စေခံလေဟှ ‘ကျွန်တော်ဟှားလေ သွားနှုပစ်ရဟှို့လော’ ဆိုဘီး မေးဂေ့လေဟှယ်။ 29 လယ်ဇရှင်ဟှ ‘နှုပစ်နအူး။ တောဗြစ်ပန်လေဟှို နှုဟှယ် ဆိုဟှာ ဗားဗန်လေလည်း ရောဘီးဟှာ နှုမိလေ့မယ်။ 30 ဗားရိခီထိ တူးဒူကီးနေပါစေ။ ဗားရိကာလမာ ရင်ဦးဆောင်း တောဗြစ်ပန်လေဟှို ဝွီးနှုဘီးဟှာ မီးရှို့ဟှို့တွပ် ကြိုးနခယ်ဂေ့။ ဗားလေဟှို စုသီးဘီးဟှာ ဗားဂတ်ထဲဟှို ထဲ့ဂေ့’ ဆိုဘီး ဗားရိမားလေဟှို ငါပြောမယ် ဆိုဘီး လယ်ဇရှင်ဟှ ပြောလေဟှယ်" ဆိုဘီး မိန့်တော်မူလေဟှယ်။

မုညှင်းစေ့ရဲ့ ပေါင်ဥပမာကြောန်း

(မာကု ၄.၃၀–၃၂; လုကာ ၁၃.၁၈,၁၉)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.