3 ကိုယ်တော်ဟှာ အယ်သူလေဟှို ပေါင်ဥပမာလေဘောင်းဂီးန သွန်သန်လေဟှယ်။
"မျိုးစေ့ကြဲမားတယော့-က်ဟှာ မျိုးစေ့ကြဲဟှို့တွပ် ထွပ်ဟှားလေဟှယ်။ 4 သူဟှာ မျိုးစေ့ဟှို ကြဲဟှူ ခီမာ တချို့စေ့လေဟှာ လမ်းထတ်မာ က္လဟှိကြောန့် ငှတ်လေလာဘီးဟှာ ကော့-က်စားဂေ့လေဟှယ်။ 5 တချို့မျိုးစေ့လေဟှာ မ္လေနဲဘီး က္လော့-က်များဟှူ နေရာလေမာ က္လဟှယ်။ မ္လေနဲကြောန့် စေ့လေဟှာ ဗြန်းဗြန်ပန်ပေါ့-က်လာဟှယ်။ 6 အယ်ဘေမဲ့ နေထွပ်လာဟှူ ခီမာ ပြစ်စွဲဘဲကြောန့် ပူဒန်ဟှို ခံနိုင်ဘဲ ခြော့-က်ဟှားလေဟှယ်။ 7 တချို့မျိုးစေ့လေဟှာ ဆူးဒေါထဲဟှို က္လဟှိကြောန့် ဆူးချောင်လေကြားမာ ကီးထွားနိုင်ဘဲ သေဂေ့လေဟှယ်။ 8 တချို့စေ့လေဟှာ ကောန်းဟှူမ္လေမာ က္လဟှူကြောန့် ပန်လေပေါ့-က်လာဘီး တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့-က်ဆယ်၊ တချို့ဟှ ဆတရာ ပွားများလာဘီးဟှာ သီးသီးဂေ့လေဟှယ်။"
9 ယေရှုဟှ "နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!" ဆိုဘီး မိန့်တော်မူလေဟှယ်။