ရေထတ်မာ လမ်းရှော့-က်ဟှူကြောန်း
22 အယ်ဘီးန ယေရှုဟှာ လူလေဟှို ပ္လန်လွှတ်လိုက်ခီမာ တဗဲ့တော်လေဟှိုလည်း လှေထတ်ဟှို တတ်စေဘီး ဟှိုဖတ်ကမ်းဟှို ရင်ဦးဆောင်း ကူးစေလေဟှယ်။ 23 ယေရှုဟှာ လူလေ ပ္လန်ဟှားဂေ့ဘီးန ဆုတောန်းဟှို့တွပ် တောန်ထတ်ဟှို ယော့-က်ဒဲ တတ်ဟှားတော်မူဟှယ်။ နေဒန်ဇာ ရော့-က်လာဟှူ ခီမာ အယ်နေရာမာ ယေရှုတပါးဒဲ ရှိတော်မူဘီး 24 တဗဲ့တော်လေရဲ့ လှေဟှလည်း ကမ်းန ရရာတိုင်း ကွာဟှားဘီး လေဆန်ဘီး လာနေကြောန့် လှိုင်းလေရဲ့ ရိုက်ခတ်ဇာဟှို ခံရလေဟှယ်။
25 မိုးသာထပိုင်းမာ ယေရှုဟှာ ရေထတ်မာ လမ်းရှော့-က်ဘီး တဗဲ့တော်လေနားဟှို ကြွလာတော်မူလေဟှယ်။ 26 တဗဲ့တော်လေဟှာ ရေထတ်မာ လမ်းရှော့-က်နေဟှူ ကိုယ်တော့်ဟှို ဗြင်ဟှူ ခီမာ ရရာတိုင်း ကြော့-က်လန့်ဟှားဂေ့ဘီး "ဖုကသေ!" ဆိုဘီး အော်ဂေ့လေဟှယ်။
27 ယေရှုဟှ "စိုးရိမ်ဂေ့န! ငါဘဲ့ဖြစ်ဟှယ်။ ကြော့-က်ဂေ့န!" ဆိုဘီး သူးနို့ဟှို ရှစ်ရှင်းဘဲ့ မိန့်တော်မူလေဟှယ်။
28 ပေတရုဟှ "သခင်၊ ကိုယ်တော်မှန်ဟှယ် ဆိုဟှာ ကျွန်တော်လည်း ရေထတ်မာ လမ်းရှော့-က်ဘီး ကိုယ်တော်နားဟှို လာဟှို့ မိန့်တော်မူပါ" ဆိုဘီး လျှော့-က်လေဟှယ်။
29 ယေရှုဟှ "လာပါ!" ဆိုဘီး မိန့်တော်မူလေဟှယ်။ အယ်ကြောန့် ပေတရုဟှာ လှေထတ်ဟှဆင်းဘီး ရေထပ်မာ လမ်းရှော့-က်ဟှားဘီး ယေရှုနားဟှို သွားလေဟှယ်။ 30 အယ်ဘေမဲ့ ကြမ်းထန်းဟှူလေဟှို ဗြင်ဟှူ ခီမာ ကြော့-က်လန့်ဟှားဘီး ရေထဲဟှို နစ်မ္လုစပြုဟှားဟှယ်။ "သခင်၊ ကျွန်တော်ဟှို ကယ်တော်မူပါ!" ဆိုဘီး အော်ဟစ်လေဟှယ်။
31 ယေရှုဟှ ရှစ်ရှင်းဘဲ လတ်တော်ဟှို ဆန့်ဘီးဟှာ ပေတရုဟှို ဆွဲကိုင်ဘီး "ယောင်ကြည်ရှင်း အားနဲဟှူလူ! ဖြားဖြစ်ကြောန့် ယောင်မှားဟှူ စိဖြစ်ရနူး" ဆိုဘီး မိန့်တော်မူလေဟှယ်။
32 သူးနို့နှေ့ယော့-က်ဟှာ လှေထတ်ဟှို ရော့-က်ဟှားဘီးန လေဟှာ ငြီဟှားလေဟှယ်။ 33 လှေထဲမာ ရှိဟှူ တဗဲ့တော်လေဟှလည်း ယေရှုဟှို ရှိခိုးလေဟှယ်။ "ကိုယ်တော်ဟှာ တကယ်ဘဲ့ ဘုရားသခင်ရဲ့ သားတော်ဖြစ်ဟှယ်!" ဆိုဘီး လျှော့-က်ဂေ့လေဟှယ်။